my_tq/gen/18/16.md

1.2 KiB

သူတို့သည် အာဗြဟံ၏ အိမ်မှထွက်ခွါ၍၊ မည်သည့်အရပ်သို့ သွားကြသနည်း။

သူတို့သည် အာဗြဟံ၏ အိမ်မှထွက်ခွါ၍၊ သောဒုံမြို့သို့သွားကြပါသည်။

လျှောက်သွားစဥ်တွင် ထာဝရဘုရားက မည်သို့မေးသနည်း။

ထာဝရဘုရားက "ငါပြုသောအမှုကို အာဗြဟံအားမပြဘဲကွယ်ဝှက်ထားရမည်လော" ဟုမေးပါသည်။

ထာဝရဘုရားက အာဗြဟံအား ပေးသောကတိတော် ပြည့်စုံစေရန် အာဗြဟံသည် မည်သို့ပြုရမည်ဟု ပြောသနည်း။

ထာဝရဘုရားက အာဗြဟံအား သူ၏သားသမီးများနှင့်အိမ်သားတို့ကို ဖြောင့်မတ်စွာကျင့်ကြရန် သွန်သင်ရမည်ဟုပြောပါသည်။