my_tq/gen/03/04.md

1.8 KiB

လူမိန်းမက ဥယျာဥ်အလယ်၌ရှိသော အသီးကိုစားလျှင်ထာဝရဘုရားသခင်က အမှန်သေရမည်ဟုပြောသည်ကိုမြွေကမည်သို့ ပြန်ပြောသနည်း။

မြွေက သင်တို့သည် ဧကန်အမှန် မသေရကြဟုပြောခဲ့သည်။

လူယောကျ်ားနှင့်လူမိန်းမတို့သည် ထိုအသီးကိုစားလျှင်မည်သို့ဖြစ်ရလိမ့်မည်ဟု မြွေကပြောသနည်း။

မြွေက ထိုအသီးကိုစားလျှင် ဘုရားသခင်ကဲ့သို့ဖြစ်လျက် ကောင်းမကောင်းကို သိရလိမ့်မည်ဟု ပြောခဲ့သည်။

ထိုအပင်၏ အသီးက လူမိန်းမအား မည်သို့ ဆွဲဆောင်သနည်း။

ထိုအပင်သည်စားဘွယ်ကောင်းခြင်း၊ အဆင်းလည်းလှခြင်း၊ ပညာတိုးပွါးစေလိုသောငှါ နှစ်သက်ဘွယ်သောအပင်ဖြစ်ခြင်းကို မိန်းမသည်မြင်လျှင် စာချင်းသောစိတ်ရှိသည်။

အသီးကို မည်သူစားသနည်း။

လူမိန်းမသည်ယူ၍ စားပြီးလျှင် မိမိခင်ပွန်းအားလည်းပေး၍ သူသည်လည်း စား၏။