my_tq/gal/05/19.md

1.7 KiB

မည်သည့်ဥပမာများသည် ဇာတိပကတိ၏ လုပ်ဆောင်ချက်ဖြစ်သနည်း။

ဇာတိပကတိ၏ လုပ်ဆောင်ချက် ဥပမာများမှာ - ကိလေသာ ပြစ်မှားခြင်း၊ ညစ်ညူးစွာ ကျင့်ကြံခြင်း၊ မတရားသောမေထုန်၌ တပ်မက်ခြင်း၊ ရုပ်တုဆင်းတုကိုးကွယ်ခြင်း၊ စုန်းကဝေ ပြုစားတတ်ခြင်း၊ ရန်လိုခြင်း၊ ခိုက်ရန်ဖြစ်ပွါးခြင်း၊ မနာလိုခြင်း၊ ဒေါသထွက်ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်းကွဲပြားစေခြင်း၊ ငြူစူခြင်း၊ အရက်သေစာ အလွန်အကြူးသောက်စားခြင်းနှင့် အရက်သေစာသောက်စားပွဲပြုလုပ်ခြင်းများဖြစ်ပါသည်။

ဇာတိပကတိအလုပ်ကို ကျင့်သောသူတို့သည် မည်သည်ကို လက်ခံရရှိခြင်း မရှိလိမ့်မည်နည်း။

ဇာတိပကတိအလုပ်ကို ကျင့်သောသူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေခံခွင့် ရရှိလိမ့်မည် မဟုတ်ပါ။