my_tq/ezk/35/14.md

1.9 KiB

စိရတောင်၏ လူများ ဖျက်ဆီးခြင်းခံရသောအခါ တပြည်လုံးမည်သို့ ဖြစ်လာလိမ့်မည်နည်း။

စိရတောင်၏ လူများ ဖျက်ဆီးခြင်းခံရသောအခါ တပြည်လုံး ရွှင်လန်းကြလိမ့်မည်။

ဣသရေလအမျိုးသားများ ဖျက်ဆီးခြင်းခံရသောအခါ စိရတောင်သားများက မည်သည့်အရာကို ပြုလုပ်ခဲ့သနည်း။

ဣသရေလအမျိုးသားများ ဖျက်ဆီးခြင်းခံရသောအခါ စိရတောင်သားများ ဝမ်းမြောက်ကြသည်။

မည်သည့်ပြည်သည် အကုန်အစင်ပျက်စီးလာမည်ဟု ထာဝရဘုရားက ကြွေးကြော်ခဲ့သနည်း။

စိရတောင်နှင့်တကွ ဧဒုံပြည် သည် အကုန်အစင်ပျက်စီးလာမည်ဟု ထာဝရဘုရားက ကြွေးကြော်ခဲ့သည်။

ထာဝရဘုရားက ထိုသူတို့အား စီရင်သောအခါ စိရတောင်သားများနှင့် ဧဒုံပြည်က မည်သည့်အရာကို သိလာကြလိမ့်မည်နည်း။

ထာဝရဘုရားက ထိုသူတို့အား စီရင်သောအခါ စိရတောင်၏လူများနှင့် ဧဒုံပြည်က ထာဝရဘုရားသည် ဘုရားသခင်ဖြစ်သည်ဟု သိလာကြလိမ့်မည်။