my_tq/exo/21/22.md

2.1 KiB

အချင်းချင်း ခိုက်ရန်ဖြစ်၍ ကိုယ်ဝန်ဆောင်မိန်းမကို ထိခိုက်မိ သဖြင့် ကိုယ်ဝန်ပျက်ကျလျှင်၊ သို့သော် အခြားသော အနာမဖြစ်လျှင် ကျူးလွန်သူကို မည်သို့စီရင်ရမည်နည်း။

အချင်းချင်း ခိုက်ရန်ဖြစ်၍ ကိုယ်ဝန်ဆောင်မိန်းမကို ထိခိုက်မိ သဖြင့် ကိုယ်ဝန်ပျက်ကျလျှင်၊ အခြားသော အနာမဖြစ်သော်လည်း ကျူးလွန်သူသည် မိန်းမလင်စီရင်သည်အတိုင်း ပြစ်ဒဏ်ခံရမည်။ တရားသူကြီးမင်း စီရင်သည်အတိုင်းလည်း ငွေကို လျော်ရမည်။

အခြားသော အနာဖြစ်လျှင် ကျူးလွန်သူကို မည်သို့စီရင်ရမည်နည်း။

အခြားသော အနာဖြစ်လျှင် ကျူးလွန်သူသည် အသက်အတွက် အသက်ကိုလည်းကောင်း၊ မျက်စိအတွက် မျက်စိကိုလည်းကောင်း၊ သွားအတွက် သွားကိုလည်းကောင်း၊ လက်အတွက် လက်ကိုလည်းကောင်း၊ ခြေအတွက် ခြေကိုလည်းကောင်း၊ မီးလောင်ခြင်းအတွက် မီးလောင်ခြင်းကိုလည်းကောင်း၊ ရှနာခြင်းအတွက် ရှနာခြင်းကိုလည်းကောင်း၊ ဒဏ်ချက်ရာအတွက် ဒဏ်ချက်ရာကိုလည်းကောင်း ခံရမည်။