my_tq/exo/01/08.md

1.3 KiB

ယောသပ်၏ အကျိုးဆောင်ချက်များကို မသိသောသူမှာ မည်သူနည်း။

ယောသပ်၏ အကျိုးဆောင်ချက်များကို မသိသူမှာ အဲဂုတ္တုပြည်၏ ရှင်ဘုရင်သစ်ဖြစ်သည်။

ဣသရေလလူမျိုးတို့ကို လိမ္မာပါးနပ်စွာ မကိုင်တွယ်နိုင်ပါက မည်သို့ဖြစ်လာမည်ဟု အဲဂုတ္တုပြည်၏ ရှင်ဘုရင်သစ် ယူဆခဲ့သနည်း။

ဣသရေလလူမျိုးတို့သည် လူဦးရေ တိုးပွားနှုန်းမြန်ဆန်ပြီး၊ တစ်ချိန်ချိန် စစ်မက်ဖြစ်ပွားသောအခါ ရန်သူတို့ဘက်လိုက်၍ အဲဂုတ္တုပြည်ကို ပြန်တိုက်ကာ တိုင်းပြည်ထဲမှ ထွက်သွားမည်ကို အဲဂုတ္တုပြည်၏ ရှင်ဘုရင်သစ်သည် စိုးရိမ်ခဲ့သည်။