my_tq/eph/01/03.md

1.6 KiB

ခမည်းတော်ဘုရားသည်ယုံကြည်သူတို့အားမည်သည့်ကောင်းချီးမင်္ဂလာပေးသနည်း။

ခမည်းတော်ဘုရားသည်ယုံကြည်သူတို့အား ကောင်းကင်နှင့်ဆိုင်သောကောင်းချီးမင်္ဂလာတို့ကိုခရစ်တော်အားဖြင့်ပေးပါသည်။

ခမည်းတော်ဘုရားသည် ခရစ်တော်၌ယုံကြည်သူတို့ကိုမည်သည့်အချိန်ကရွေးကောက်ခဲ့သနည်း။

ခမည်းတော်ဘုရားသည်ခရစ်တော်၌ယုံကြည်သူတို့ကိုကမ္ဘာလောကအားမဖန်ဆင်းမီကပင်ရွေးကောက်ခဲ့ပါသည်။

ခမည်းတော်ဘုရားသည်မည်သည့်ရည်ရွယ်ချက်အတွက်ကြောင့်ယုံကြည်သူတို့ကိုရွေးကောက်ခဲ့သနည်း။

ခမည်းတော်ဘုရားသည်ယုံကြည်သူတို့အားရွေးကောက်ခြင်းဖြင့် သူတို့သည်ဘုရားသခင့်ရှေ့တော်၌သန့်ရှင်း၍အပြစ်နှင့်ကင်းလွတ်ရန်ဖြစ်ပါသည်။