my_tq/deu/31/27.md

3.2 KiB

မောရှေသည် လေဝိအမျိုးများအား သူသာအသက်ရှင်နေလျှင်သူတို့အကြောင်း မည်သည့်အရာကိုသိသည်ဟုပြောသနည်း။

မောရှေသည် လေဝိအမျိုးများအား သူတို့၏ပုန်ကန်တတ်သောသဘောနှင့် သူတို့ဘယ်လိုထာဝရဘုရားကိုပုန်ကန်မည်ကို သိသည်ဟုပြောခဲ့သည်။

မောရှေသည် လေဝိအမျိုးများကို အမျိုးအနွယ် အသက်ကြီးသူနှင့်အရာရှိသူ အပေါင်းတို့ကို သူ့ထံမှာဘာကြောင့် စုဝေးစေသနည်း။

မောရှေသည် လေဝိအမျိုးများကို အမျိုးအနွယ် အသက်ကြီးသူနှင့်အရာရှိသူ အပေါင်းတို့ကို သူ့ထံမှာစုဝေးစေခြင်းမှာသူသည် စကားတို့ကို သူတို့အား ဟောပြော၍ သူတို့တဘက်၌ ကောင်းကင် မြေကြီးကို ငါတိုင်တည် မည်ဖြစ်သောကြောင့်ဖြစ်မည်။

မောရှေသည် သူသေပြီးနောက် မည်သည့်အရာဖြစ်မည်ကိုသိနေသည်ဟုပြောသနည်း။

မောရှေသည် သူသေပြီးနောက်လူမျိုးများ သည် လုံးလုံးဖောက်ပြန်၍ သူမှာထားသောလမ်းမှ လွှဲသွား ကြလိမ့်မည်ကို သိသည်ဟုပြောသည်။

လူမျိုးများ သည် လုံးလုံးဖောက်ပြန်၍ သူမှာထားသောလမ်းမှ လွှဲသွားကြသောအခါဘာဖြစ်မည်ဟု မောရှေပြောသနည်း။

လူမျိုးများ သည် လုံးလုံးဖောက်ပြန်၍ သူမှာထားသောလမ်းမှ လွှဲသွားကြသောအခါဘေးဥပဒ်နှင့် တွေ့ကြုံကြမည်ဟု မောရှေဆိုခဲ့သည်။

ဘေးဥပဒ်နှင့် တွေ့ကြုံကြလိမ့်ဟု မောရှေသည် ဘာကြောင့်ပြောသနည်း။

ဘေးဥပဒ်နှင့် တွေ့ကြုံကြလိမ့်ဟု မောရှေပြောခြင်းမှာ ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကို ပြု၍ သူတို့လက်နှင့် လုပ်ဆောင် သောအားဖြင့် အမျက်တော်ကို နှိုးဆော်သောကြောင့်ဖြစ်သည်။