my_tq/deu/31/22.md

1.6 KiB

မောရှေသည် ထာဝရဘုရားပြောသော ဓမ္မသီချင်းကို ရေးသားခဲ့ချိန်မတိုင်မှီ ဘယ်လောက်ကြာစောင့်ဆိုင်းခဲ့သနည်း။

မောရှေသည် ထာဝရဘုရားရေးရန်ပြောသောနေ့၌ပင် ဓမ္မသီချင်းကို ရေးထား၍ ဣသရေလအမျိုးသားတို့အား သင်လေသည်။

နုန်၏သား ယောရှုအား ထာဝရဘုရား သည် မည်သည့် အမိန့်အားပေးသနည်း။

နုန်၏သား ယောရှုအား ထာဝရဘုရား သည် အားယူ၍ ရဲရင့်ခြင်းရှိရန် အမိန့်ပေးခဲ့သည်။

ထာဝရဘုရားသည်ဘာကြောင့်ယောရှုအား အားယူ၍ရဲရင့်ရန် အမိန့်ပေးသနည်း။

ထာဝရဘုရားသည်ယောရှုအား အားယူ၍ ရဲရင့်ရန် အမိန့်ပေးခြင်းမှာ ထာဝရဘုရားကျိန်ဆိုသောပြည်သို့ ဣသရေလအမျိုးသားတို့ကို ဆောင်သွင်းပြီး ထာဝရဘုရားသည် ယောရှုနှင့်အတူ ရှိမည်ဟု မှာထားတော်မူသည်။