my_tq/deu/31/17.md

1.5 KiB

လူမျိုးများသည် ထာဝရဘုရား၏ ပညတ်များကိုမေ့ခဲ့လျှင် ထာဝရဘုရားသည် မည်သို့ပြုမည်ဟု မောရှေအားပြောသနည်း။

လူမျိုးများသည် ထာဝရဘုရား၏ ပညတ်များကိုမေ့ခဲ့လျှင် ထာဝရဘုရားသည် အမျက်တော်ထွက်၍ သူတို့ကို စွန့်ပြီး သူတို့မှ မျက်နှာကို လွှဲမည်ဟုမောရှေအားပြောခဲ့သည်။

ထာဝရဘုရားသည်သူ့မျက်နှာအားသူတို့ဆီမှလွဲသောအခါ မည်သို့ဖြစ်မည်ဟု ထာဝရဘုရားသည် မောရှေအားပြောသနည်း။

ထာဝရဘုရားသည် မောရှေအားဘေးဒဏ်ရန်မာန်အပေါင်းတို့နှင့် တွေ့ကြုံ၍ သူတို့သည် အခြားတပါးသော ဘုရားတို့နောက်သို့ လွှဲသွား၍ ပြုသော ဒုစရိုက်အပေါင်းတို့ကြောင့်ထာဝရဘုရားသည် ကိုယ်မျက်နှာကို ဧကန်အမှန်လွဲမည်ဟု ပြောခဲ့သည်။