my_tq/dan/04/01.md

2.0 KiB

နေဗုခဒ်နေဇာမင်းသည် မည်သူထံသို့ အမိန့်စာပို့ခဲ့သနည်း။

နေဗုခဒ်နေဇာမင်းသည် အမိန့်စာကို မြေကြီးတပြင်လုံး၌ နေထိုင်ကြသော လူမျိုးအားလုံး၊ အသီးသီးဘာသာစကားကို ပြောသော လူတွေအားလုံးထံသို့ ပို့ခဲ့သည်။

နေဗုခဒ်နေဇာသည် အဘယ်ကြောင့် အမိန့်စာပို့ခဲ့သနည်း။

နေဗုခဒ်နေဇာသည် အမြင့်ဆုံးသောသူက သူ့အတွက် ပြုလုပ်ခဲ့သော အံ့ဩဖွယ်အမှုများနှင့် နိမိတ်လက္ခဏာများအကြောင်းကို လူတိုင်းကို ပြောပြဖို့ရန်အတွက် အမိန့်စာကို ပို့ခဲ့ပါသည်။

နေဗုခဒ်နေဇာသည် အကြီးမြတ်ဆုံးသောသူအကြောင်းကို မည်သို့ပြောခဲ့သနည်း။

နေဗုခဒ်နေဇာသည် အကြီးမြတ်ဆုံးသောသူအကြောင်းကို "နိမိတ်လက္ခဏာတော်သည် အလွန်ကြီးမြတ်သည်၊ အံ့ဘွယ်သောအမှုများသည်လည်း တန်ခိုးနှင့် ပြည့်စုံသည်၊ ဘုရားသခင်၏နိုင်ငံတော်သည် ထာ၀ရနိုင်ငံဖြစ်သည်၊ အာဏာစက်သည်လည်း ကမ္ဘာအဆက်ဆက်တည်တော်မူ၏" ဟုပြောခဲ့သည်။