my_tq/dan/01/19.md

1.4 KiB

ဘုရင်သည် လူငယ်တွေအားလုံးနှင့်စကားပြောခဲ့သော အခါ ဘာကို တွေ့ရှိခဲ့သနည်း။

ဘုရင်သည် ဒံယေလ၊ဟာနနိ၊မိရှေလ၊အာဇရိတို့နှင့် နှိုင်းယှဉ်နိုင်ဖို့ရန် တစ်ယောက်မှ မရှိသည်ကို တွေ့ရှိခဲ့သည်။ ဘုရင်က သူတို့ကို အသိပညာဗဟုသုတ နှင့်ဆိုင်သော မေးခွန်းမေးသည့်အခါတိုင်း မျက်လှည့် ဝိဇ္ဇာတတ်ကျွမ်းကျင်သူတွေနှင့် သေသောသူတို့နှင့်ပင်စကားပြောနိုင်သည်ဟု ကြွေးကြော်ကြသောသူများထက် ဆယ်ဆပို၍ ကောင်းမွန်နေကြောင်းကို တွေ့ရှိခဲ့သည်။

ဒံယေလသည် ဗာဗုလုန်နိုင်ငံတွင် မည်မျှကြာကြာနေခဲ့သနည်း။

ဒံယေလသည် ကုရုမင်းကြီး နန်းစံချိန် ပထမနှစ်တိုင်အောင်ရှိခဲ့သည်။