my_tq/col/03/12.md

1.6 KiB

ရှင်ပေါလုက ယုံကြည်သူတို့သည် အဘယ်ကဲ့သို့သော အရာအချို့တို့သည် သစ်လွင်သော အသက်တာနှင့် ဆိုင်သောကြောင့် ဝတ်ဆင်ရမည်ဟု ပြောသနည်း။

ယုံကြည်သူတို့သည် အသက်တာသစ်တွင် ကြင်နာခြင်း ပြည့်ဝသောနှလုံးသား၊ ယျဉ်ကျေးသောစိတ်၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း နှင့် စိတ်ရှည်သီးခံခြင်းစိတ် တို့ကိုဝတ်ဆင်ရမည်။

ယုံကြည်သူသည် မည်သည့်သို့သောနည်းလမ်းဖြင့် ခွင့်လွှတ်ရမည်နည်း။

ယုံကြည်သူသည် သူ၏အပြစ်ကို ခရစ်တော်က ဖြေလွှတ်သကဲ့သို့ အပြစ်လွှတ်ရပါမည်။

မည်သည့်အရာသည် ယုံကြည်သူအချင်းချင်း ထဲတွင် ပြည့်ဝစုံလင်ခြင်းကို ခိုင်မြဲစေသနည်း။

ချစ်ခြင်းမေတ္တာသည် ပြည့်ဝစုံလင်ခြင်းကို ခိုင်မြဲစေသည်။