my_tq/amo/04/01.md

1.6 KiB

ရှမာရိပြည်တွင်နေထိုင်သော ချမ်းသာသောအမျိုးသမီးတို့အား ထာဝရဘုရားသခင်က မည်ကဲ့သို့ အမည်တွင်စေခဲ့သနည်း။

ထိုအမျိုးသမီးများအား ထာဝရဘုရားက ဗာရှန်နွား ဟူ၍ သမုတ်ခဲ့သည်။

ရှမာရိပြည်တွင်နေထိုင်သော ချမ်းသာသောအမျိုးသမီးတို့က ဆင်းရဲသောသူတို့အား မည်ကဲ့သို့ ပြုခဲ့ကြသနည်း။

ဆင်းရဲသောသူတို့ကို ညှဉ်းဆဲလျက်၊ ငတ်မွတ်သောသူတို့ကိုနှိပ်စက်ခဲ့ကြသည်။

ရှမာရိပြည်တွင်နေထိုင်သော ချမ်းသာသောအမျိုးသမီးတို့သည် မည်သည့်အရာဖြစ်မည်ကို ထာဝရဘုရားမိန့်တော်မူခဲ့သနည်း။

ရှမာရိပြည်တွင်နေထိုင်သော ချမ်းသာသောအမျိုးသမီးတို့သည် ငါးမျှားနှင့်၎င်း၊ သင်တို့သားမြေးတို့ကိုပိုက်ကွန်နှင့်၎င်း ဘမ်းဆီးယူသွားရသောကာလ ကို ကြုံရကြမည်။