my_tq/act/25/09.md

1.3 KiB

ကဲသရိမြို့တွင် ပေါလုအမှုကိုစစ်ကြောသော အခါ၊ ဖေတ္တုမင်းကပေါလုအား မည်သို့မေးသနည်း။

ဖေတ္တုမင်းက ပေါလုအား ယေရုရှလင်မြို့သို့သွား၍ ဤအမှုကိုစစ်ကြောလိုသလောဟုမေးပါသည်။

ဤအမေးကို ဖေတ္တုမင်းက ပေါလုအား အဘယ်ကြောင့်မေးသနည်း။

ဖေတ္တုမင်းက ဤအမေးကိုပေါလုအားမေးရခြင်းအကြောင်းမှာ ဖေတ္တုမင်းသည်ယုဒလူတို့ကိုကျေးဇူးပြုလိုသောကြောင့်ဖြစ်ပါသည်။

ဖေတ္တု၏အမေးကိုပေါလုကမည်သို့တုံ့ပြန်သနည်း။

ပေါလုက ကဲသာဘုရင်၏တရားပလ္လင်ရှေ့မှာရပ်၍ ထိုပလ္လင်ရှေ့မှာစစ်ကြောခြင်းကိုခံယူအပ်သည်ဟုတုံ့ပြန်ပါသည်။