my_tq/act/03/21.md

1.6 KiB

ပေတရုက မည်သည့်အချိန်တိုင်အောင် ကောင်းကင်ဘုံသည် ယေရှုအား သိမ်းဆည်းထားမည်ဟု ပြောခဲ့ ပါသနည်း။

အလုံးစုံသောအရာတို့ကိုအသစ်ပြုပြင်သောကာလမရောက်မှီတိုင်အောင် ကောင်းကင်ဘုံသည်ယေရှုအား သိမ်းဆည်းထားမည် ဟု ပေတရုက ပြောဆိုခဲ့ ပါသည်။

ယေရှုအကြောင်းကို မောရှေက မည်သို့ ပြောခဲ့သနည်း။

ဘုရားသခင်သည် အမျိုးသားချင်းထဲ၌ မောရှေ နှင့်တူသော ပရောဖက်တစ်ပါး ကို လူတို့အတွက် ပေါ်ထွန်းစေမည်ဖြစ်ပြီး၊ ထိုသူပြောသမျှကို နားထောင်ကြရမည်ဟု မောရှေ က ပြောခဲ့ ပါသည်။

ယေရှုစကားကို နားမထောင်သော သူအပေါင်းတို့သည်မည်သို့ဖြစ်ကြလိမ့်မည်နည်း။

ယေရှုစကားကိုနားမထောင်သောသူအပေါင်းတို့သည် ဖျက်ဆီးခြင်းကို ခံရကြမည် ဖြစ်ပါသည်။