my_tq/2ti/03/16.md

1.5 KiB

ထိုကျမ်းစာရှိသမျှကို လူတို့အားမည်ကဲ့သို့ ပေးခဲ့သနည်း။

ထိုကျမ်းစာရှိသမျှတို့သည် ဘုရားသခင်၏ဝိဉာဉ်တ​ော်မှုတ်သွင်းခြင်းအားဖြင့် ပေးခဲ့ပါသည်။

ထိုကျမ်းစာရှိသမျှသည် မည်သို့သော အကျိုးများကို ဖြစ်စေသနည်း။

ထိုကျမ်းစာရှိသမျှသည် ဩဝါဒပေးခြင်း၊ အပြစ်ကိုဖေါ်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်းနှင့် တရားကိုသွန်သင်ခြင်းကျေးဇူးများကို ဖြစ်စေပါသည်။

မည်သည့်ရည်ရွယ်ချက်ဖြင့် ဓမ္မကျမ်းစာကို လူတို့အားသွန်သင်ခဲ့သနည်း။

လူသည် စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကိုပြုစုခြင်းအလိုငှာ ပြင်ဆင်သောသူဖြစ်စေရန် ဓမ္မကျမ်းစာကိုသွန်သင်ခဲ့ပါသည်။