my_tq/2ti/01/08.md

2.3 KiB

ပေါလုက တိမောသေအား မည်သည့်အမှုကို မလုပ်ရန်ပြောသနည်း။

ပေါလုက တိမောသေအား သခင်ခရစ်တော်အတွက်သက်သေခံခြင်းကို ရှက်ကြောက်ခြင်းမရှိရန် ပြောပါသည်။

ပေါလုက တိမောသေအား မည်သို့ လုပ်သင့်သည်ဟု ပြောသနည်း။

ပေါလုက တိမောသေအား သတင်းကောင်း ဝေငှခြင်းအတွက် ဆင်းရဲဒုက္ခခံနိုင်ရန် ပြောပါသည်။

ဘုရားသခင်သည် သူ၏အကြံအစည်နှင့် ကျေးဇူးတော်ကို မည်သည့်အချိန်က ကျွန်ုပ်တို့အား ပေးသနည်း။

ဘုရားသခင်သည် သူ၏အကြံအစည်နှင့် ကျေးဇူးတော်ကိုကမ္ဘာဉီးမတိုင်မီကပင် ကျွန်ပ်တို့အား ပေးပါသည်။

ဘုရားသခင်သည် သူ၏ ကယ်တင်ခြင်းအစီအစဉ်ကို ကျွန်ုပ်တို့အား မည်ကဲ့သို့ ဖွင့်ပြသနည်း။

ကယ်တင်ရှင်ယေရှုခရစ်တော် လောကသို့ ကြွလာခြင်း အားဖြင့် ဘုရားသခင်သည် သူ၏ ကယ်တင်ခြင်းအစီအစဉ်ကို ကျွနိုပ်တို့အား ဖွင့်ပြပါသည်။

ယေရှုခရစ်တော် ကြွလာပြီး သေခြင်းနှင့်အသက်ရှင်ခြင်းအပေါ် မည်ကဲ့သို့အကျိုး သက်ရောက်စေသနည်း။

သခင်ယေရှုသည် သေခြင်းကို အနိုင်ယူပြီး သတင်းကောင်းအားဖြင့် ထာဝရအသက်ရှင်ခြင်းကို ယူဆောင်လာသည်။