my_tq/2th/02/08.md

1.9 KiB

ယေရှုပေါ်ထွန်းသည့်အခါ သူသည်ဒုစရိုက်လူသားအား မည်သို့ပြုလုပ်လိမ့်မည်နည်း။

ယေရှုပေါ်ထွန်းသည့်အခါ သူသည်ဒုစရိုက်လူသားကို ဖျက်စီးလိမ့်မည်ဖြစ်ပါသည်။

မည်သူသည် ဒုစရိုက်လူသားအား တန်ခိုး၊ နိမိတ်လက္ခဏာနှင့် မှားယွင်းသောအံ့ဖွယ်အမှုတို့ကို ပေးလျက် သူနှင့်အတူအလုပ်လုပ်နေပါသနည်း။

စာတန်သည် ဒုစရိုက်လူသားအား တန်ခိုး၊ နိမိတ်လက္ခဏာနှင့်မှားယွင်းသောအံ့ဖွယ်အမှုတို့ကိုပေးလျက် သူနှင့်အတူ အလုပ်လုပ်နေပါသည်။

အဘယ်ကြောင့် လူအချို့တို့သည် ဒုစရိုက်လူသား၏ လိမ်ညာခြင်းကို ခံရပြီး ပျက်စီးခြင်းသို့ ရောက်ကြရသနည်း။

လူအချို့တို့သည် ဒုစရိုက်လူသား၏ လိမ်ညာခြင်းကို ခံရပြီး ပျက်စီးခြင်းသို့ ရောက်ကြရခြင်းမှာ သူတို့သည်ကယ်တင်ခြင်းသို့ရောက်ရန် သမ္မာတရားကိုမနှစ်သက်၊ လက်မခံကြသောကြောင့်ဖြစ်ပါသည်။