my_tq/2sa/10/06.md

1.8 KiB

အမ္မုန်အမျိုးသားတို့သည် ဘာကြောင့် ရှုရိလူခြေသည် သူရဲနှစ်သောင်း၊ မာခမင်းကြီး၏ လူ တထောင်၊ တောဘမြို့သား တသောင်းနှစ်ထောင်တို့ကို ငှားသနည်း။

အမ္မုန်အမျိုးသားတို့သည်ဒါဝိဒ်ရှေ့မှာ စက်ဆုပ်ရွံရှာဘွယ် ဖြစ်လိမ့်မည်ဟု သိသောကြောင့် ငှားခြင်းဖြစ်သည်။

အမ္မုန်အမျိုးသားတို့နှင့် ငှားထားသော စစ်သည်များ၏ နေရာသည် ဘယ်နေရာနည်း။

အမ္မုန်အမျိုးသားတို့သည်မြို့တံခါးဝမှာ စစ်ခင်းကျင်းကြ၍ ဇောဘမြို့၊ ရဟောဘမြို့၊ တောဘ မြို့မှလာသော ရှုရိလူနှင့် မာခါမင်းကြီး၏ လူတို့သည် လွင်ပြင်၌ တခြားစီနေရကြသည်။

အမ္မုန်အမျိုးသားတို့သည်စစ်သည်များကို ငှားထားသည် ကို ဒါဝိဒ်ကြားသောအခါ မည်သို့ပြုလုပ်သနည်း။

ဒါဝိဒ်သည်ကြားသောအခါယွာဘနှင့် ခွန်အားကြီးသောသူရဲအလုံးအရင်းအပေါင်းကို စေလွှတ်ခဲ့သည်။