my_tq/2sa/03/37.md

1.6 KiB

ဣသရေလအမျိုးသားများနှင့် လူများအပေါင်းတို့သည် အာဗနာသေပြီးနောက် ဒါဝိဒ်၏သောကကို မည်သို့သိနားလည်ကြသနည်း။

ဣသရေလအမျိုးသားများနှင့် လူများအပေါင်းတို့က ဒါဝိဒ်သည် အာဗနာအားသတ်စေခြင်းငှါအလိုမရှိသည်ကို နားလည်ကြသည်။

ရှင်ဘုရင်သည် အာဗနာနှင့်ပတ်သတ်၍ သူ၏ကျွန်များအားမည်သို့ပြောသနည်း။

ရှင်ဘုရင်ကလည်း သူ၏ကျွန်များအားဣသရေလအမျိုး၌ မင်းသားဖြစ်သောသူ၊ ကြီးမြတ်သောသူတပါးသည် ယနေ့ဆုံးကြောင်းကို သင်တို့မသိသလောဟု ပြောလေသည်။

ဒါဝိဒ်သည် ဇေရု၏သားများနှင့်ပတ်သတ်၍ မည်သို့ဆန္ဒပြုခဲ့သနည်း။

ဒါဝိဒ်သည် မတရားသဖြင့် ပြုသောသူကို မိမိအပြစ်နှင့်အလျောက် ထာဝရဘုရား ပေးဆပ် တော်မူစေသတည်းဟု ဆန္ဒပြုခဲ့သည်။