my_tq/2co/12/20.md

2.3 KiB

သူသည်ကောရိန္သုသန့်ရှင်းသူတို့ထံပြန်သွားသည့်အခါ ပေါလုသည် မည်သည်တို့ကိုတွေ့ရမှာ စိုးရိမ်ကြောက်ရွံ့သနည်း။

ပေါလုကသူသည် သူတို့ချင်းရန်တွေ့ခြင်း၊ မနာလိုခြင်း၊ ဒေါသထွက်ခြင်း၊ တကိုယ်ကောင်းဆန်သောဆန္ဒရှိခြင်း၊ သူ့အသရေကို အတင်းပြောခြင်း၊ မာနကြီးခြင်းနှင့် အချင်းချင်းအမှုလုပ်ခြင်းတို့ကိုတွေ့ရမှာ စိုးရိမ်ကြောက်ရွံ့ပါသည်။

ဘုရားသခင်ကသူ့အား မည်သို့လုပ်မည်ကိုပေါလုသည်စိုးရိမ်ကြောက်ရွံ့သနည်း။

ပေါလုက ဘုရားသခင်သည်သူ့အား ကောရိန္သုသန့်ရှင်းသူတို့ရှေ့မှာက်၌နှိမ့်ချမည်ကို စိုးရိမ်ကြောက်ရွံ့ပါသည်။

ကောရိန္သုသန့်ရှင်းသူတို့ ယခင်ကပြုခဲ့သောအပြစ်များအတွက် မည်သည်အကျိုးအကြောင်းကြောင့်ပေါလုသည်စိတ်မသာညဥ်းတွားရသနည်း။

သူတို့သည်ယခင်က ပြစ်မှား၍ညစ်ညူးစွာကျင့်ခြင်း၊ မတရားသောမေထုန်၌မှီဝဲခြင်းနှင့် ကိလေသာလွန်ကျူးခြင်းအမှုတို့ကိုပြုခဲ့သည့်အပြစ်များကိုယခုထိတိုင်နောင်တမရကြသောကြောင့် ပေါလုသည်စိတ်မသာညဥ်းတွားရခြင်းဖြစ်ပါသည်။