my_tq/2co/04/13.md

1.4 KiB

သခင်ယေရှုကို ထမြောက်စေတော်မူသော သူသည် မည်သူကိုထမြောက်စေလျက်သူ၏ ရှေ့တော်မှောက်သို့ခေါ်ဆောင်မည်နည်း။

သခင်ယေရှုကိုထမြောက်စေတော်မူသောသူသည် ပေါလုနှင့်သူ၏လုပ်ဆောင်ဖက်များနှင့်တကွ ကောရိန္သုရှိသန့်ရှင်းသူများကိုလည်း ထမြောက်စေလျက် သူ၏ရှေ့တော်မှောက်သို့ ခေါ်ဆောင်မည်ဖြစ်ပါသည်။

လူအပေါင်းတို့ထံသို့ ကျေးဇူးတော်ပြန့်နှံ့ခြင်း၏ရလာဒ်မှာ မည်သို့ဖြစ်မည်နည်း။

လူအပေါင်းတို့ထံသို့ ကျေးဇူးတော်ပြန့်နှံ့ခြင်းရှိသကဲ့သို့ ကျေးဇူးတော်ကိုချီးမွမ်းခြင်းသည်လည်း ဘုရားသခင်၏ ဘုန်းအသရေတော်ကို ပို၍ထင်ရှားစေမည်ဖြစ်ပါသည်။