my_tq/2ch/31/09.md

2.4 KiB

ဟေဇကိသည် ထိုပုံထားသော ဥစ္စာအကြောင်းကို ယဇ်ပုရောဟိတ်၊ လေဝိသားတို့၌ မေးမြန်းလျှင်၊ ယဇ်ပုရောဟိတ်အကြီး အာဇရိသည် ဘယ်လို ပြန်လျှောက်ခဲ့သနည်း။

အာဇရိက လူအပေါင်းတို့သည် ဥစ္စာဆယ်ဘို့တဘို့ကို ဆောင်ခဲ့၍ အသီးအသီးပုံထားကြသည်။ သူသည် ဟေဇကိမင်းအား ပြောသည်မှာ သူတို့ စားလောက်အောင်ရှိသည်သာမက ထာဝရဘုရားသည် မိမိလူတို့ကို ကောင်းကြီးပေးတော်မူသောကြောင့်၊ ပုံထား သောဤဥစ္စာများသည် ကျန်ကြွင်းလျက်ရှိပါသည်ဟု လျှောက်ကြသည်။

ဟေဇကိမင်းသည် ဘာကိုပြင်ဆင်ရန် မိန့်တော်မူ၍ လူအပေါင်းတို့သည် ဘာလုပ်ကြသနည်း။

ဟေဇကိမင်းသည် ဗိမာန်တော်၌ ဘဏ္ဍာတိုက်တို့ကို ပြင်ဆင်ရန်မိန့်တော်မူခဲ့သည်။ လူအပေါင်းတို့သည် ထိုအရာများကို ပြင်ဆင်ပြီး လှူသောဥစ္စာ၊ ဆယ်ဘို့တဘို့ဥစ္စာ၊ ပူဇော်သော ဥစ္စာများကို တရားနှင့်အညီ သွင်းထားကြသည်။

ဟေဇကိမင်းကြီးနှင့် အာဇရိ တို့သည် ဘဏ္ဍာတိုက်တို့ကို ကြည့်ရှုပြုစုရန် မည်သူ့ကို စီရင်တော်မူခဲ့သနည်း။

ဟေဇကိမင်းကြီးနှင့် အာဇရိတို့သည် ဘဏ္ဍာတိုက်တို့ကို ကြည့်ရှုပြုစုရန် ကောနနိနှင့် သူ၏ညီရှိမိတို့ စီရင်ကြသည်။