my_tq/2ch/31/06.md

1.5 KiB

ယုဒမြို့တို့၌နေသောလူအပေါင်းတို့သည် အမိန့်တော်နှင့် ပတ်သက်ပြီး ဘာလုပ်ခဲ့ကြသနည်း။

ယုဒမြို့တို့၌နေသော လူအပေါင်းတို့သည် သိုးနွားဆယ်ဘို့တဘို့ကိုလည်းကောင်း၊ ဘုရားသခင် ထာဝရဘုရားအား ပူဇော်၍ သန့်ရှင်းသော ဥစ္စာဆယ်ဘို့တဘို့ကိုလည်းကောင်း ဆောင်ခဲ့၍ အသီးအသီးပုံထားကြသည်။

မည်သည့်လများတွင် ဉစ္စာတို့ကို စုပုံထားကြသနည်း။

လူတို့သည် တတိယလတွင် ပုံထားစပြု၍၊ သတ္တမလတွင် လက်စသတ်ကြသည်။

မည်သူသည် ပုံထားသောဥစ္စာကို မြင်သောအခါ၊ ထာဝရဘုရားနှင့် လူအပေါင်းတို့ကို ကောင်းကြီးပေးသနည်း။

ဟေဇကိနှင့် မှူးမတ်တို့ သည် ထာဝရဘုရားနှင့် လူအပေါင်းတို့ကို ကောင်းကြီးပေးကြသည်။