my_tq/2ch/31/02.md

1.6 KiB

ဟေဇကိမင်းသည် ယဇ်ပုရောဟိတ်လေဝိသားတို့ကို မည်သို့ ခန့်ထားတော်မူခဲ့သနည်း။

ဟေဇကိမင်းသည် ယဇ်ပုရောဟိတ်လေဝိသားတို့ကို ထာဝရဘုရား ၏ ကျိန်းဝပ်တော်မူသော ဌာနတော်တံခါးအတွင်း၌၊ မီးရှို့ရာယဇ်နှင့် မိဿဟာယ ယဇ်ကိုပူဇော်ခြင်း၊ အမှုတော်မျိုးကိုစောင့်ခြင်း၊ ကျေးဇူး တော်ကို ဝန်ခံခြင်း၊ ထောမနာသီချင်း ဆိုခြင်းအမှုကို ပြုစေခြင်းငှါ၊ ခန့်ထားတော်မူသည်။

ဟေဇကိမင်းသည် အဘယ်ဥစ္စာကို ထာဝရဘုရားအဖို့ ထည့်လှူရန် သတ်မှတ်၍ မည်သည့်အချိန်တွင် ထိုအရာကို ပေးလှူသနည်း။

ဟေဇကိမင်းသည် ဘဏ္ဍာတော်ထဲက ဥစ္စာတဘို့ကို ထုတ်၍ နေ့ရက်အစဉ် နံနက်အချိန်၊ ညဦးချိန်၊ ဥပုသ်နေ့၊ လဆန်းနေ့၊ ဓမ္မပွဲနေ့တွင် မီးရှို့ရာယဇ်ပူဇော်စရာဘို့ လှူတော်မူသည်။