my_tq/2ch/30/01.md

2.2 KiB

ဟေဇကိမင်းသည် မည်သူတို့ထံသို့ စာရေး၍ မည်သည့်နေရာတွင် ပေးလိုက်သနည်း။

ဟေဇကိမင်းသည် ဧဖရိမ်အမျိုး၊ မနာရှေအမျိုးတို့နှင့်တကွ ဣသရေလအမျိုး၊ ယုဒအမျိုးသားအပေါင်းတို့အား စာရေး၍ပေးလိုက်လေသည်။

ဟေဇကိမင်း၏ စာ၌ ဘာများ ရေးသားခဲ့သနည်း။

ယေရုရှလင်မြို့၊ ဗိမာန်တော်သို့လာ၍၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားအား၊ ပသခါပွဲကို ခံစေခြင်းငှါ လာပါရန် စာ၌ သူတို့ကိုရေးခဲ့ပါသည်။

ဒုတိယလတွင်၊ ပသခါပွဲကိုခံခြင်းငှါမည်သူတို့သည် အတူတကွ တိုင်ပင်ကြသနည်း။

ရှင်ဘုရင်၊ မှူးတော်မတ်တော်တို့နှင့် ယေရုရှလင် မြို့၌ စည်းဝေးသော သူအပေါင်းတို့ ဖြစ်ကြသည်။

လွန်ခဲ့သောလတွင် ပသခါပွဲကိုပွဲကို အဘယ်ကြောင့် မခံနိုင်ကြသနည်း။

ယဇ်ပုရောဟိတ်တို့သည် အမှုတော်ကို ဆောင် ရွက်နိုင်မည်အကြောင်း၊ ကိုယ်ကိုသန့်ရှင်းစွာမပြုကြသေး၍ ပြည်သူပြည်သားတို့သည် ယေရုရှလင်မြို့၌ မစည်းဝေး သောကြောင့် လွန်ခဲ့သောလတွင် ပသခါပွဲကိုပွဲကို မခံနိုင်ကြသည်။