my_tq/2ch/25/09.md

1.3 KiB

အာမဇိသည်၊ ဣသရေလတပ်ကိုငှါး၍ ငွေအခွက် တထောင်ကို ပေးမိသောကြောင့်၊ အဘယ်သို့ပြုရမည် နည်းဟု ဘုရားသခင်၏လူကို မေးမြန်းသော် ဘုရား သခင်၏လူသည် မည်ကဲ့သို့ ပြန်ပြောခဲ့သနည်း။

ဘုရား သခင်၏လူသည် ထိုမျှမက ထာဝရဘုရားသည် သာ၍ ပေးနိုင်တော်မူသည်ဟု အာမဇိအား ပြန်ပြောခဲ့သည်။

စစ်သူရဲတို့သည် ဘာကြောင့် အလွန် အမျက်ထွက်၍ ယုဒ ပြည်သားတို့၌ အငြိုးထားခဲ့သနည်း။

အာမဇိသည် စစ်သူရဲတို့ ကိုခွဲထား၍၊ မိမိတို့နေရာသို့ ပြန်သွား စေ ခြင်းငှါလွှတ်လိုက်သဖြင့် ထိုသူတို့သည်အလွန် အမျက်ထွက်၍ ယုဒ ပြည်သားတို့၌ အငြိုးထားခဲ့သည်။