my_tq/2ch/16/02.md

1.3 KiB

အာသမင်းသည် ဘဏ္ဍာတော်များထဲမှ ရွှေငွေရှိသမျှကို၊ ရှုရိရှင်ဘုရင်ဗင်္ဟာဒဒ် ထံသို့ အဘယ်ကြောင့် ထုတ်ပေးခဲ့သနည်း။

အာသမင်းသည် ဘဏ္ဍာတော်ထဲမှ ရွှေငွေရှိသမျှကို၊ ဗင်္ဟာဒဒ် ထံသို့ ထုတ်ပေးခဲ့ရခြင်းမှာ ဗာရှာမင်း နှင့်ဖွဲ့သော မိဿဟာယကို ဖျက်၍ သူနှင့် မိတ်ဿဟာယ ဖွဲ့ရန် ဖြစ်သည်။

အာသမင်းသည် ဗင်္ဟာဒဒ်အား အဘယ်ကြောင့် ဗာရှာမင်းနှင့်ဖွဲ့သော မိဿဟာယကို ဖျက်စေချင်ခဲ့သနည်း။

အာသမင်းသည် ဗင်္ဟာဒဒ်အား ဗာရှာမင်း နှင့်ဖွဲ့သော မိဿဟာယကို ဖျက်စေခြင်းဖြင့် ဗာရှာမင်းသည် အာသမင်းထံမှ ထွက်သွားလိမ့်မည်ဖြစ်သည်။