my_tq/2ch/11/13.md

1.4 KiB

လေဝိသားတို့သည်၊ မိမိတို့နေရာဖြစ်သော ပိုင်ထိုက်ရာအရပ်ကို စွန့်၍၊ ယုဒပြည်ယေရုရှင်မြို့သို့ အဘယ်ကြောင့် ရောက်လာခဲ့ကြသနည်း။

လေဝိသားတို့သည်၊ မိမိတို့နေရာဖြစ်သော ပိုင်ထိုက်ရာအရပ်ကို စွန့်ရခြင်းမှာ ယေရောဗောင်နှင့် သူ၏သားတို့သည်၊ လေဝိသားတို့ကို ထာဝရဘုရား ရှေ့တော်၌ ယဇ်ပုရောဟိတ်အမှုကို စောင့်ရသောအရာမှ နှင်ချသောကြောင့်ဖြစ်သည်။

ယေရောဗောင်သည် ယုဒပြည်သို့ ထွက်သွားသော လေဝိသားတို့နေရာသို့ မည်ကဲ့သို့ အစားထိုးခဲ့သနည်း။

ယေရောဗောင်သည် မြင့်သောအရပ်၊ နတ်နန်း၊ မိမိလုပ်သော နွား သငယ်တို့အဘို့၊ ယဇ်ပုရောဟိတ်တို့ကို ခန့်ထားခဲ့သည်။