my_tq/1th/04/16.md

2.2 KiB

သခင်ဘုရားသည် ကောင်းကင်ဘုံမှ မည်သို့ဆင်းသက်လာမည်နည်း။

သခင်ဘုရားသည် ကြွေးကြော်ခြင်းနှင့်ဘုရားသခင်၏ တံပိုးမှုတ်ခြင်းတို့နှင့်တကွ ကောင်းကင်ဘုံမှ ဆင်းသက်လာမည်ဖြစ်ပါသည်။

မည်သူတို့သည် အရင်ထမြောက်၍ မည်သူတို့သည် နောက်မှထိုသူတို့နှင့်အတူ ထမြောက်မည်နည်း။

ခရစ်တော်၌သေသောသူတို့သည်အရင်ထမြောက်၍ အသက်ရှင်ကျန်ရစ်သောသူတို့သည် နောက်မှထိုသူတို့နှင့်အတူ ထမြောက်ခေါ်ဆောင်ခြင်းကို ခံရကြမည်ဖြစ်ပါသည်။

ထမြောက်သောသူတို့သည် မည်သူနှင့်တွေ့ဆုံ၍၊ မည်မျှကြာအောင်အတူနေရမည်နည်း။

ထမြောက်သောသူတို့သည် အာကာသလေဟာပြင်၌ သခင်ဘုရားနှင့်တွေ့ဆုံ၍၊ ထိုသခင်နှင့်အတူ အမြဲတမ်းနေရမည် ဖြစ်ပါသည်။

ပေါလုက သက်သာလောနိတ်မြို့သားတို့အား အိပ်ပျော်သောသူတို့အကြောင်း သွန်သင်သည့်အခါ သူတို့အား မည်သို့လုပ်ကြရန် ပြောသနည်း။

ပေါလုက သက်သာလောနိတ်မြို့သားတို့အား သူပြောသောစကားများအားဖြင့် အချင်းချင်းနှစ်သိမ့်ကြစေရန် ပြောပါသည်။