my_tq/1ki/15/16.md

847 B

မည်သူနှင့်အတူ အာသသည် စစ်ကို ဆင်နွဲခဲ့သနည်း။

အာသနှင့် ဣသရေလရှင်ဘုရင် ဗာရှာတို့သည် အသက်ရှည်သမျှ ကာလပတ်လုံး ရန်ဘက်ပြုကြသည်။

မည်သည့်အတွက်ကြောင့် ဗာရှာသည် ရာမမြို့ကို တည်ခဲ့သနည်း။

ဣသရေလရှင်ဘုရင် ဗာရှာသည် ယုဒပြည်သို့ စစ်ချီ၍၊ ယုဒရှင်ဘုရင်အာသထံသို့ အဘယ်သူမျှ မထွက် မဝင်စေခြင်းငှါ ရာမမြို့ကို တည်ခဲ့သည်။