my_tn/zec/09/14.md

4.9 KiB

ယေဘုယျ အချက်အလက်

ဤအစိတ်အပိုင်းသည် ဇာခရိ၌ ထာဝရဘုရားက ဖော်ပြထားခြင်း မဟုတ်ဘဲ ဟောရှေ၏ ရူပါရုံ နှင့် ဆက်စပ်ထားသော အပိုင်း ဖြစ်သည်။

သူတို့အပေါ်မှာ ထင်ရှား တော်မူ၍

"သူတို့" သည် "ထာဝရဘုရား၏ လူမျိုးတော်" ကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူ့လူမျိုးတော်သည် သူ့အား ကောင်းကင်၌ တွေ့သည်" သို့မဟုတ် "သူသည် သူ့လူမျိုးထံသို့ သွားသည်"။

လျှပ်စစ်ပြက်သကဲ့သို့

ဣသရေလလူတို့သည် လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းကို ထာဝရဘုရားက မြှားပစ်လိုက်သည် ဟူ၍ ထင်မှတ်ကြသည်။

တံပိုးမှုတ်၍

"တံပိုးများ" သည် "သိုးထီးများ၏ဦးချို" သာ ဖြစ်သည်။ လူတို့သည် ထိုဦးချိုတို့ကို မှုတ်ပြီး စစ်ရေးရာအတွက် အချက်ပြရာတွင် သာမက အခြားခြားသောအခြေအနေ များအတွက်လည်း အသုံးပြုသည်။

တောင်လေဘွေတို့နှင့် ကြွသွားတော်မူလိမ့်မည်။

ဣသရေလလူတို့သည် ထာဝရဘုရားက တောင်ဘက်သို့ ပြင်းထန်သော မုန်တိုင်းပေါ်တွင် နေ၍ သွားသည်ဟုထင်မှတ်ကြသည်။

ကိုက်စား၍

အခြားသောဘာသာပြန်ဆိုချက်၊ "လုံးဝဥဿုံ အနိုင်ယူမည်"။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

လက်လွှဲကျောက်တို့ကို ကျော်နင်း

ဣသရေလလူတို့သည် လောက်လွှဲအသုံးပြု၍ တိုက်ခိုက်သော ရန်သူတို့ကို အနိုင်ယူမည်။ ထိုရန်သူသည် ဣသရေလလူတို့၏ မည်သည့်လက်နက်ကိုမဆို ကိုင်ဆောင်ထားသည့် ရန်သူအားလုံးကို ပုံဆောင်သည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)

သောက်ပြီး လျှင်၊ စပျစ်ရည်နှင့် ဝသကဲ့သို့ ကြွေးကြော်ကြလိမ့်မည်။

အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့သည် သူတို့၏ အောင်မြင်မှုကို အရက်မူးနေသူများသဖွယ် ကျယ်လောင်စွာ ဟစ်ကြွေးပြီး ဆင်နွှဲနေကြလိမ့်မည်။ (ရှု၊ rc://*/ta/man/translate/figs-simile)

စပျစ်ရည်နှင့် ဝသကဲ့သို့ ... အင်တုံကဲ့သို့၎င်း ... ပြည့်ဝကြ လိမ့်မည်။

ဤသည်မှာ "ပုရောဟိတ်တို့ တိရစ္ဆာန်အသွေးကို သွန်း၍ ယဇ်ပူဇော်ရာ၌ အသုံးပြုသော ခွက်" ကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့သည် ပုရောဟိတ်တို့ တိရစ္ဆာန်၏အသွေးကို သယ်ဆောင်သည့်အင်တုံကဲ့သို့ စဗျစ်ရည် အပြည့်ဖြင့် ဖြစ်နေလိမ့်မည်။

ယဇ်ပလ္လင်ထောင့်ကဲ့သို့၎င်း

ယဇ်ပလ္လင်တွင် တိရစ္ဆာန်တို့၏ အသွေးကို သွန်း၍ ထားရှိနေရာကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယဇ်ပလ္လင်ထောင့်တွင် တိရစ္ဆာန်၏ အသွေးများနှင့် ပြည့်နှက်နေသကဲ့သို့"