my_tn/num/05/08.md

3.8 KiB

ထိုအပြစ်အတွက် ပေးသောဥစ္စာကို ခံထိုက်သော အမျိုးသားချင်းမရှိလျှင်

အပြစ်ပြုခြင်းခံရသူကသာ လျော်ကြေးကို လက်ခံထိုက်သည်။ သို့သော် ထိုသူသည် ကွယ်လွန်သွားလျှင် အနီးစပ်ဆုံးသော ဆွေမျိုးက လက်ခံနိုင်သည်။ ဤအကြောင်းကို ရှင်းလင်းစွာ ဖော်ပြရန် လိုသည်။ အခြားဘာသာပြန်ဆိုချက်၊ "အပြစ်ပြုခြင်းခံရသူသည် သေဆုံးသွားပြီး လျော်ကြေးလက်ခံရန် အနီးစပ်ဆုံးသော ဆွေမျိုးမရှိလျှင်" (ရှု၊ rc://*/ta/man/translate/figs-explicit)

ပြစ်မှားသောသူ

ပြုသူဝါကျပုံစံဖြင့် ရေးနိုင်သည်။ အခြားဘာသာပြန်ဆိုချက်၊ "အပြစ်ပြုသူ၏ ပြစ်မှားခြင်း ခံသောသူ" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ယဇ်ပရောဟိတ်မှတဆင့် သူ့အပြစ်၏အဖိုးအခကို ငါ့အားပေးရမည်

လူတစ်ဦးသည် သူ့အပြစ်၏အဖိုးအခကို ယဇ်ပရောဟိတ်အားပေးခြင်းသည် ထာဝရဘုရားအား ပေးခြင်းနဲ့ အတူတူပင်ဖြစ်သည်။

သူကိုယ်တိုင်၏ အပြစ်ဖြေရာယဇ်

အပြစ်ဖြေရာယဇ်သည် သူတစ်ဦး၏အပြစ်အတွက် လုပ်သောအရာဖြစ်သည်။ ထာဝရဘုရားက လူတစ်ဦး၏ အပြစ်ကို "သူကိုယ်တိုင်" ဟုသုံးထားပါသည်။ အခြားဘာသာပြန်ဆိုချက်၊ "သူ့အပြစ်အတွက် ဖြေသောယဇ်" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ယဇ်ပုရောဟိတ်အား ဣသရေလအမျိုးသား ပူဇော်သည့်အရာဟူသမျှ

ဤဝါကျကို ပြုသူဝါကျပုံစံဖြင့်လည်း ရေးနိုင်သည်။ အခြားဘာသာပြန်ဆိုချက်၊ "ဣသရေလအမျိုးသားတို့က ယဇ်ပုရောဟိတ်ထံသို့ ယူလာသည့် အရာများ" (ရှု၊ rc://*/ta/man/translate/figs-activepassive)

လူတိုင်း သန့်ရှင်းစေ၍ ယဇ်ပုရောဟိတ်အားလှူသမျှတို့သည်လည်း၊ ယဇ်ပုရောဟိတ်အားလှူသမျှတို့သည်လည်း၊ ယဇ်ပရောဟိတ်၏ ဥစ္စာဖြစ်ရမည်။

စကားစုနှစ်ခု၏ ဆိုလိုရင်းမှာအခြေခံအားဖြင့်အတူတူပင်ဖြစ်သည်။ လူတစ်ဦးမှ ယဇ်ပရောဟိတ်အားပေးသော အလှူသည် ၎င်းယဇ်ပုရောဟိတ်၏ ဥစ္စာဖြစ်သည် ဟုနှစ်ခုကို ပေါင်းပြီးလည်း ရေးနိုင်သည်။ (ရှု၊ rc://*/ta/man/translate/figs-parallelism)