my_tn/mrk/14/66.md

2.2 KiB

ဆက်စပ်မှုဖော်ပြချက်

သခင်ယေရှု ကြိုတင်ပြောထားသည့်အတိုင်း ပေတရုက အာရုံဦးကြက်မတွန်မီ သုံးကြိမ်တိုင်တိုင် ငြင်းဆိုသော အကြောင်းအရာဖြစ်သည်။

အိမ်ဦး၌ရှိစဉ် အောက်မှာ

အိမ်ဝင်းအပြင်ဘက်တွင်

ယဇ်ပုရောဟိတ်မင်း၏ အစေအပါးမိန်းမတယောက်

ယဇ်ပုရောဟိတ်မင်း၏ အစေခံအမျိုးသမီး အလုပ်လုပ်သောသူဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယဇ်ပုရောဟိတ်မင်းထံတွင် အလုပ်လုပ်သော အစေခံမိန်းကလေးများအနက် တစ်ယောက်" (ရှု၊ rc://*/ta/man/translate/figs-explicit)

ငြင်းခုံ

ဆိုလိုသည်မှာ တစ်စုံတစ်ရာမမှန်ကြောင်း အခိုင်အမာ ငြင်းဆိုနေခြင်းဖြစ်သည်။ အစေခံမိန်းကလေး၏ သူ့အကြောင်းပြောထားသောအရာသည် မမှန်ကြောင်း ငြင်းသောနေရာတွင် သုံးထားခြင်းဖြစ်သည်။

သင်ပြောသောအရာကိုငါမသိ၊ နားမလည်

"သိ" နှင့် "နားလည်" သည် အဓိပ္ပာယ်တူသည်။ ပေတရုပြောစကားကို အလေးအနက် ထားစေရန် သုံးထားခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ သင်ပြောသော အရာကို အမှန်တကယ် နားမလည်ဘူး" (ရှု၊ rc://*/ta/man/translate/figs-doublet)