my_tn/mrk/14/37.md

3.7 KiB

သူတို့ အိပ်ပျော်လျက် နေကြသည်ကိုတွေ့တော်မူလျှင်

"သူတို့" ရည်ညွှန်းသည်မှာ "ပေတရု၊ ယာကုပ်နှင့် ယောဟန်" တို့ ဖြစ်သည်။

ရှိမုန်၊ သင်သည် အိပ်ပျော်သလော။ တနာရီခန့်မျှစောင့်နေခြင်းငှါ မစွမ်းနိုင်သလော

ပေတရုတို့အိပ်ပျော်သည်ကို သခင်ယေရှုက ပြစ်တင်ပြောဆိုခြင်းဖြစ်သည်။ ဤစာကြောင်းကို စကားပြောဆိုသည့် ပုံစံအတိုင်းရေးသားနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရှိမုန်၊ နိုးနိုးကြားကြား ရှိကြလော့ဟု ငါပြောထားသော်လည်း သင် အိပ်ပျော်နေသည်။ တစ်နာရီခန့်မျှ မအိပ်ဘဲ မနေနိုင်သလော။" (ရှု၊ rc://*/ta/man/translate/figs-rquestion)

စုံစမ်းနှောင့်ရှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း

သခင်ယေရှုက စုံစမ်းနှောင့်ယှက်ခြင်းခံရသည်ကို လက်တွေ့ ကြုံတွေ့ပြီး ဖြစ်သည့် အတိုင်း ပြောထားခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့ စုံစမ်းနှောင့်ယှက်ခြင်းမရှိမည့် အကြောင်း" (ရှု၊ rc://*/ta/man/translate/figs-metaphor)

စိတ် ဝိညာဉ် ကား စေတနာရှိငြားသော်လည်း၊ ကိုယ်မူကား အားနည်းသည်

သခင်ယေရှုက ပေတရုထံ သူသည် စိတ်နှလုံး၌ ဆန္ဒရှိသော်လည်း ခန္ဓာကိုယ်က မလိုက်နိုင်သည်ကို သတိပေးခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်လုပ်ချင်သည့် စိတ်ဓာတ်ရှိသော်လည်း ခန္ဓာကိုယ်က လိုက်မလုပ်နိုင်" (သို့မဟုတ်) "ငါပြောထားသည်ကို သင်လုပ်ချင်သည့် ဆန္ဒရှိသော်လည်း၊ သင်မလုပ်နိုင်" (ရှု၊

စိတ် ဝိညာဉ်.......ကိုယ်

ပေတရု၏ စိတ်နှင့် ခန္ဓာမတူသည့် လက္ခဏာသွင်ပြင်နှစ်ခုကို ရည်ညွှန်းသည်။ "စိတ်" ရည်ညွှန်းသည်မှာ အတွင်းအကျဆုံးသော လိုအင်ဆန္ဒဖြစ်၍ "ခန္ဓာ" မှာ လူ၏ စွမ်းရည်နှင့် အားကို ဆိုလိုသည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)

ရှေ့မြွက်ဆိုသည်နည်းတူ

အရင် ဆုတောင်းသည့်အတိုင်း ထပ်၍ ဆုတောင်းသည်။