my_tn/mrk/14/10.md

1.8 KiB

ဆက်စပ်မှုဖော်ပြချက်

ထိုအမျိုးသမီးက သခင်ယေရှုကို ရေမွှေးနံ့သာဖြင့် လိမ်းကြံပြီးသောအခါ၊ ယုဒသည် သခင်ယေရှုကို ယဇ်ပုရောဟိတ် အကြီးအကဲများထံတွင် အပ်နှံရန် ကတိပြုသည်။

ထိုအခါ ထိုသူတို့ ထံ ကိုယ်တော်ကိုအပ်ခြင်းငှါ

ယုဒက သခင်ယေရှုကို မအပ်နှံမှီ ယဇ်ပုရောဟိတ် အကြီးအကဲတို့နှင့် ဆွေးနွေး၍ အစီအစဉ်ချရန် သွားခဲ့သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယေရှုကို ဖမ်းဆီးအပ်နှံခြင်းငှာ ထိုသူတို့နှင့် ကြိုတင်ဆွေးနွေး၍ အစီအစဉ်ပြုလုပ်ခဲ့ကြသည်" (ရှု၊ rc://*/ta/man/translate/figs-explicit)

ယဇ်ပုရောဟိတ်အကြီးတို့သည် ကြားလျင်

ယဇ်ပုရောဟိတ်အကြီးတို့ ကြားသောအရာဟု ဆိုလျှင် နားလည်မည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုသူသည် သူတို့အတွက် လုပ်ဖို့ရန် ဆန္ဒရှိသည်ကို ယဇ်ပုရောဟိတ်အကြီးတို့ ကြားသိလျှင်" (ရှု၊ rc://*/ta/man/translate/figs-explicit)