my_tn/job/36/10.md

3.3 KiB

ဆုံးမသောစကားကို နားထောင်ချင်သော သဘောကိုသွင်းပေး၍၊

ဧလိဟုက နားထောင်စေရန် လူတစ်ယောက်အား အကြောင်းဖြစ်စေခြင်းကို လူ၏ နားကို ဖွင့်ပေးခြင်းကဲ့သို့ ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် သူတို့ကို နားထောင်စေသည်" ( ရှု၊ rc://*/ta/man/translate/figs-metaphor)

ဆုံးမသောစကားကို

"သွန်သင်ခြင်း" ဟူသော နာမ်သည် နှုတ်က ပြောသောစကားစုအဖြစ် ဘာသာပြန်ဆိုနိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့ကို သွန်သင်ထားသောအရာများ၌" (ရှု၊ rc://*/ta/man/translate/figs-abstractnouns)

ဒုစရိုက်ကိုစွန့်စေမည်အကြောင်း

ဧလိဟုက အပြုအမူများကို ရပ်တန့်စေခြင်းဟူသည်ကို ပြန်လှည့်လာစေခြင်းအဖြစ် ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အပြစ်ပြုခြင်းကို ရပ်တန့်စေသည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

စကားတော်ကိုနားထောင်၍ အမှုတော်ကိုဆောင်ရွက်လျှင်၊ စည်းစိမ်ချမ်းသာနှင့်ပျော်မွေ့လျက်၊ နှစ်လနေ့ရက်ကာလကို လွန်စေတတ်ကြ၏။

"နှစ်လ" နှင့် "ရက်" များကို လူတစ်ယောက်၏ အသက်အား ရည်ညွှန်းထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့သည် သူတို့၏ အသက်ကို ကြီးပွားခြင်းနှင့် ရောင့်ရဲခြင်းဖြင့် အသုံးပြုလိမ့်မည်" (ရှု၊ rc://*/ta/man/translate/figs-synecdoche)

နားမထောင်လျှင် ထားဘေးဖြင့် ဆုံး၍၊

ဧလိဟုက လူတစ်ယောက်၏ လျင်မြန်စွာ ပျက်စီးသေဆုံးခြင်းကိုတစ်စုံတစ်ယောက်က ဓါးဖြင့် သူတို့ကို သတ်ဖြတ်ခြင်းကဲ့သို့ ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့သည် ပြင်းထန်သော သေခြင်းနှင့် သေဆုံးကြမည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)