my_tn/job/28/15.md

3.5 KiB

ရွှေစင်ကို ပေး၍ပညာကိုမရ။

ဤအရာကို အပြုသဘောဖြင့်ဖော်ပြနိုင်ပါသည်။ ဤအရာတွင် ပညာသည် ရွှေစင်ထက်သာ၍ မြတ်ကြောင့်ရည်ညွန်းထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူများသည် ရွှေဖြင့် ပညာကို ဝယ်၍ မရပါ" ( ရှု၊ rc://*/ta/man/translate/figs-explicit)

ငွေကိုချိန်၍ ပညာအဘိုးကို မမှီနိုင်။

ဤအရာသည် ပညာသည် ရွှေစင်ထက်သာ၍ မြတ်ကြောင့်ကို ရည်ညွှန်းထားပါသည်။ ၎င်းကို အပြုသဘောဖြင့် ဖော်ပြနိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူများသည် ပညာကို ဝယ်ယူရန် ရွှေဖြင့် ချိန်၍ ပေးချေ မရနိုင်ပါ" ( ရှု၊ rc://*/ta/man/translate/figs-explicit)

ဩဖိရရွှေ၊ မြတ်သောရှဟံကျောက်၊ နီလာ ကျောက်နှင့် ဝယ်သော်လည်း မရနိုင်။

ဤတွင် ပညာသည် သြဖိရရွှေ၊ မြတ်သောရှဟံကျောက်၊ နီလာကျောက်တို့ ထက် သာ၍ တန်ဖိုးရှိကြောင်းကို ရည်ညွှန်းထားပါသည်။ ( ရှု၊ rc://*/ta/man/translate/figs-explicit)

ဩဖိရရွှေ၊

ဤအရာသည် ရွှေထွက်သော နေရာ၏ နာမည်ဖြစ်သည်။ ( ရှု၊ rc://*/ta/man/translate/translate-names)

မြတ်သောရှဟံကျောက်

တန်ဖိုးရှိသော အနက်ရောင်ကျောက်မြတ်။

နီလာ

"တန်ဖိုးရှိသော အပြာရောင် ကျောက်မြတ်အရိုင်းတုံးတစ်ခု"။

ရွှေဖြစ်စေ၊ ကျောက်သလင်းဖြစ်စေမမှီနိုင်။

ဤအရာက ပညာသည် ရွှေ၊ ကျောက်သလင်းများထက် သာ၍ တန်ဖိုးရှိကြောင်းကို ရည်ညွှန်းထားပါသည်။

ကျောက်သလင်း

တန်ဖိုးရှိသော ရှင်းလင်းသည့် ကျောက်မြတ် သို့မဟုတ်ဖျော့သောအရောင်။

ရွှေစင်တန်ဆာများနှင့်ဖယ်လှည်၍မရနိုင်။

နောက်ပြီး ရွှေစင်တန်ဆာများဖြင့် လှည့်လှယ်၍ မရနိုင်သောအရာ။ ၎င်းက ပညာသည် တန်ဖိုးကြီးသော ရွှေ၊ ရတနာများထက် ပို၍ တန်ဖိုးရှိကြောင်းကို ရည်ညွှန်းထားပါသည်။

ဖယ်လှည်၍မရနိုင်။

ကုန်သွယ်သည်။