my_tn/job/20/06.md

4.2 KiB

ယေဘုယျအချက်အလက်

ဇောဖာက ဆက်ပြီး ယောဘအား စကားပြောသည်။

သူ၏ ဘုန်းသည် မိုဃ်းပေါ်သို့တက်၍၊

အဓမ္မလူတို့၏ ဘုန်းသည် မိုယ်းပေါ်သို့ တက်သော်လည်း။ စိတ္တဇနာမ်ဖြစ်သော "အမြင့်" ဟူသော စကားလုံးသည် "မြင့်သော" ဟူသည့် နာမဝိသေသန အဖြစ်ဖော်ပြနိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် မိုယ်းကောင်းကင်ထိ မှီအောင် အရပ်ရှည်သော်လည်း" ( ရှု၊ rc://*/ta/man/translate/figs-abstractnouns)

သူ၏ ဘုန်းသည် မိုဃ်းပေါ်သို့တက်၍၊ သူ၏ ခေါင်းသည် မိုဃ်းတိမ်တိုင်အောင် မှီသော်လည်း၊

အဓမ္မ လူဟူသည် "သူ့ ဂုဏ်" သို့မဟုတ် "မာန" ကို ပုံဆောင်ထားပါသည်။ နောက်ပြီး "မိုယ်းကောင်းကင်တိုင်အောင် မှီသည်" ဟူသော စကားလုံးသည်လည်း ကြီးမားမူကို ပုံဆောင်ထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူ့ဂုဏ်အသရေသည် ကြီးမြတ်သော်လည်း" သို့မဟုတ် "သူ့မာန်မာနသည် ကြီးသော်လည်း" (ရှု၊ rc://*/ta/man/translate/figs-metaphor)

သူ၏ ခေါင်းသည် မိုဃ်းတိမ်တိုင်အောင် မှီသော်လည်း၊

ထို့နောက် သူ့ခေါင်းသည် မိုယ်းတိမ်တိုင်အောင် မြင့်သော်လည်း။ ဤအရာသည် သူ၏ ဂုဏ်အသရေ သို့မဟုတ် ကြီးမားမှုကို ပုံဆောင်ထားပါသည်။ ထိုအရာ၏ ဆိုလိုရင်းမှာ အထက်က ဖော်ပြပြီးခဲ့သော စကားစုကဲ့သို့ ဖြစ်သည်။ (ရှု၊ [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-parallelism]])

မိမိမစင်ကဲ့သို့အစဉ်ပျက်ရလိမ့်မည်။

မစင်ဟူသည်မှာ မြေကြီးနှင့် ရောပြီး မပေါ်လာတော့ပါ။ ရည်ညွှန်းထားသောအရာမှာ အဓမ္မလူ၏ အကျိုးမရှိမူကို ရည်ညွှန်းထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူ့မစင်သည် မြေကြီးပေါ်တွင် ကွယ်ပျောက်တတ်သကဲ့သို့ အစဥ်ပျက်စီးသွားမည်ဖြစ်သည်။" (ရှု၊ rc://*/ta/man/translate/figs-simile)

မိမိမစင်ကဲ့သို့အစဉ်ပျက်ရလိမ့်မည်။

မစင်ဟူသော စကားလုံးသည် မသင့်တော်လျှင် သာသာပြန်သူအနေဖြင့် တစ်စုံတစ်ခုကို ကွယ်ပျောက်စေသည်ဟူသောအရာဖြင့် အစားထိုး နိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လေတိုက်ရာတွင် လွှင့်ပါးသွား‌သော မြေမှုန့်ကဲ့သို့ အစဥ် ကွယ်ပျောက်သွားမည်ဖြစ်သည်။" (ရှု၊ rc://*/ta/man/translate/figs-simile)