my_tn/job/19/13.md

2.7 KiB

ယေဘုယျအချက်အလက်

ယောဘက သူ့မိတ်ဆွေများကို ဆက်လက်ပြီး စကား‌ပြောဆိုသည်။

ငါ့ညီအစ်ကိုတို့ကို ငါနှင့် ကွာဝေးစေတော်မူ၏။

"ကွာဝေးစေသည်။" ဟူသောအရာသည် သူ့ကို မကူညီချင်စိတ် သို့မဟုတ် မပတ်သက်ချင်စိတ်ဖြစ်ခြင်းကို ပုံဆောင်ထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် ငါ့ ညီအစ်ကို များကို ငါနှင့် ဝေးကွာအောင် နေစေသည်။" သို့မဟုတ် "ဘုရားသခင်က ငါ့ညီအစ်ကိုများသည် ငါ့ကို ကူညီရန် ငြင်းဆန်စေသည်။" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ငါ့အသိအကျွမ်းတို့သည် ငါ့ကိုမသိ၊

ဤအရာသည် အပြုသဘောဆောင်အနေဖြင့် ဖော်ပြနိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ့အသိအကျွမ်းများသည် ငါ့ကို စိမ်းကားကြသည်" သို့မဟုတ် "ငါ့ မိတ်ဆွေများသည် ငါ့အား သူစိမ်းကဲ့သို့ ဆက်ဆံကြသည်။" ( ရှု၊ rc://*/ta/man/translate/figs-activepassive)

ငါ့ပေါက်ဘော်တို့သည် ငါ့ကိုစွန့်၍၊

ငါ့အမျိုးများသည် အကူအညီမပြုဘဲ ငါ့ကို ချန်ထားခဲ့ကြသည်။

ငါ့သူငယ် ချင်းတို့သည်

ငါရင်းနှီးသော မိတ်ဆွေများ။

မေ့လျော့ကြ၏။

"ငါ့ကို လျစ်လျူရှုကြပြီ" သို့မဟုတ် "ငါ့ကို စွန့်ခွါကြပြီ" ၎င်း၏ ဆိုလိုရင်းမှာ ယောဘနှင့် သူတို့သည် အတိတ်၌ မည်သို့ ပတ်သက်မှု ရှိသည် ဟူသောအရာကို ငြင်းပယ်ကြပြီဟု ဆိုလိုခြင်းဖြစ်သည်။