my_tn/job/05/14.md

3.8 KiB

ယေဘုယျအချက်အလက်

စာရေးသူက အပိုဒ်ငယ်တစ်ခုစီတိုင်းတွင် ဆင်းရဲသောသူများကို ကယ်တင်ရန်နှင့် ပါးနပ်သောသူများကို ဘုရားသခင်သည် မည်သို့ လျှော့ချသည်ကို အထူးပြုစေရန် ခြားနားချက် နှစ်ခုကို အသုံးပြုခြင်းဟူသောအမြင်ကို ပုံဆောင်သည်။ (ရှု၊ rc://*/ta/man/translate/figs-parallelism)

ထိုသူတို့သည် နေ့အချိန်၌ မှောင်မိုက်ကိုတွေ့၍

ဤနေရာတွင် ပါးနပ်ခြင်း၊ ဘုရားသခင်ကို ရှုပ်ထွေးစေသော ဆိုးသွမ်းသောသူများသည် မမျှော်လင့်ဘဲ နေမင်းသည် ကောင်းကင်အမြင့်၌ ရှိနေစဥ်အခါပင် အမှောင်ထဲတွင် နေရသူများကဲ့သို့ဖော်ပြပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "နေ့အချိန်ပင် အမှောင်ထဲတွင် နေသောသူများ" (ရှု၊ rc://*/ta/man/translate/figs-metaphor)

စမ်းသပ်လျက် သွားလာကြ၏။

မျက်ကန်းတစ်ယောက်ကဲ့သို့ ခံစားရသည်။

မွန်းတည့်အချိန်၌

နေမင်း၏ အမြင့်ဆုံးနှင့် အတောက်ပဆုံးအချိန် ဖြစ်သော "နေ့ခင်းအချိန်"

အားကြီးသောသူတို့၏ လက်မှ၎င်း၊ ဆင်းရဲသားတို့ကို ကယ်နှုတ် တော်မူ၏။

ဤတွင် လူများပြောဆိုသော စော်ကားခြင်းနှင့်မတန်မရာဆက်ဆံခြင်းများကို သူတို့၏ နှုတ်၌ ရှိသောဓါးကဲ့သို့ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ုဆိုချက်၊ "သူသည် ဆင်းရဲသောသူများကို အားကြီးသောသူ၏ လက်မှ ကယ်နှုတ်သည်။" သို့မဟုတ် "သူသည် ဆင်းရဲသောသူများနှင့် စော်ကားခြင်း ခံရသောသူများကို အားကြီးသော လက်မှ ကယ်နှုတ်သည်။" (ရှု၊ rc://*/ta/man/translate/figs-metaphor)

အဓမ္မသည်လည်း မိမိနှုတ်ကို ပိတ်ထားရ၏။

မတရားသဖြင့်ပြောတတ်သောသူများသည် သူတို့ကိုယ်တိုင် မတရားသောသူများ ဖြစ်သောကြောင့်ထိုသို့ပြောဆိုခြင်းများ ရပ်တန့်ရမည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုအရာသည် တရားမျှတမှု မရှိသောသူများ မိမိတို့နှုတ်၌ ပိတ်ထားသောအရာကဲ့သို့ဖြစ်သည်။" (ရှု၊ rc://*/ta/man/translate/figs-personification)