my_tn/job/05/11.md

4.4 KiB

ယေဘုယျအချက်အလက်

စာရေး သူက အပိုဒ်ငယ်တိုင်း၌ အပြိုင်အဆိုင် စကားလုံးကို အသုံးပြုရန် ဆက်လက်လုပ်ဆောင်ကာ လိမ္မာပါးနပ်သော အဆင့်အတန်းနှင့် နိမ့်ကျသောသူများအားဘုရားသခင်သည်မည်သို့ အလေးထားသည်ကို ဖော်ပြရန် ခြားနားချက် နှစ်ခုကို အသုံးပြုခြင်းအား သိရှိစေသည်။ (ရှု၊ rc://*/ta/man/translate/figs-parallelism)

ထိုသို့နှိမ့်ချလျက်ရှိသောသူတို့ကို ချီးမြှောက်တော်မူ၏။

ဒုက္ခရောက်နေသောသူ၊ နှိမ့်ချသောသူများကိုသူတို့သည်အဆင့်နိမ့်သောနေရာ၌ နေခြင်းကဲ့သို့ ပြောဆိုထားပါသည်။ သို့သော် သေပြီး ရာထူးအမြင့်သို့‌ရောက်သောသူများကဲ့သို့ ပြောဆိုထားပါသည်။ ဘုရားသခင်က သူတို့ကို ပြန်ရွေးနုတ်သောအခါ သူတို့သည် ရိုသေခံရကြသည်။ ဤသို့ဖြစ်ပျက်သောအခါ သူတို့သည် ချီးမြှောက်ခြင်းခံရကြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဆင်းရဲဒုက္ခရောက်နေသော နှိမ့်ချသူများအား သူ့ကို ရိုသေရန်နှင့် ရွေးနုတ်ရန်အလို့ငှာ ဘုရားသခင်လုပ်ဆောင်သည်။" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ပရိယာယ်ပြုသောသူတို့၏ အမှုကိုမအောင်စေခြင်းငှါ သူတို့အကြံကို ဖျက်တော်မူ၏။

ဤတွင် ကောက်ကျစ်သော သူတို့၏ အစီအစဥ်များကို ရပ်တန့်စေခြင်းငှါ ကိုယ်ခန္ဓာအားဖြုင့် ကျိုးပဲ့နိုင်သောအရာများကဲ့သို့ ပြောဆိုထားပါသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ပညာရှိတို့ကို သူတို့၏ပရိယာယ်အားဖြင့် ဘမ်းဆီးတော်မူ၏။

ဤနေရာတွင် ပညာရှိသော သူတို့သည် သူတို့၏ ပရိယာယ်အားဖြင့် ခံစားရသောအရာကို ထောင်ချောက်တွင် ဘမ်းဆီးထားသောအရာများကဲ့သို့ ပြောဆိုထားပါသည်။ သူတို့၏ အပြုအမူများကို သူတို့ကိုယ်တိုင်၏ထောင်ချောက်များကဲ့သို့ ပြောဆိုထားပါသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

လှည့်စားတတ်သောသူတို့၏ တိုင်ပင်ခြင်း ကို အချည်းနှီးဖြစ်စေတော်မူ၏။

ဤတွင် လိမ္မာပါးနပ်သောနည်းဖြင့် မကောင်းမှုပြုခြင်းကို လှည့်စားခြင်းကဲ့သို့ ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လိမ္မာပါးနပ်သောသူ" သို့မဟုတ် "မရိုးသားသောသူများ" သို့မဟုတ် "အပေါက်ဆိုးသော သူများ" (ရှု၊ rc://*/ta/man/translate/figs-metaphor)