my_tn/job/03/04.md

4.7 KiB

ယေဘုယျအချက်အလက်

ဖော်ပြချက်များသည် ယောဘ၏ အဖြစ်ချင်ဆုံးသော ဆန္ဒများအကြောင်း ဖြစ်ပါသည်။ ထိုနေ့ရက်များကို မရှိခဲ့ဘူးသော အချိန်အဖြစ် သတ်မှတ်သော်လည်း အမှန်မှာ ဖျောက်ဖျက်၍ မရသော နေ့ရက်များပင် ဖြစ်သည်။ UDB တွင် ဘာသာပြန်သည်အတိုင်း "ငါဖွားမြင်သော နေ့ရက်သည် နက်မှောင်ပိတ်ပင်သောအချိန် ဖြစ်စေလို၏" ဟု ဘာသာပြန်ဆိုနိုင်သည်။

ထိုနေ့ရက်မိုက်ပါစေ၊ အလင်းမပေါ်ထွန်းပါ စေနှင့်၊

ဤစကားစု နှစ်ခုတို့သည် ယောဘ၏ မွေးဖွားခြင်းနှင့်ဆိုင်သော နေ့ရက်၏ မှောက်မိုက်ဖြစ်သော သူ့နောင်တရသောကို ထပ်ခါပြောဆိုခြင်းကို ဖော်ပြထားပါသည်။ (ရှု၊ rc://*/ta/man/translate/figs-parallelism)

ထိုနေ့ရက်မိုက်ပါစေ

ဤအရာက လူ့ဘဝနေ့ရက်များသည် ကြာရှည်စွာ မခံနိုင်ခြင်းကို ဆန္ဒပြုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "နေ့ရက်သည် ပျောက်ကွယ်ပါစေ" ( ရှု၊ rc://*/ta/man/translate/figs-metaphor)

မှောင်မိုက်၊ သေမင်းအရိပ်သည် ထိုနေ့ရက် အသရေကို ရှုတ်ချပါစေ

ဤတွင် မှောင်မိုက်နှင့် သေမင်း၏ အရိပ်ဟူသည်မှာ လူများသည် သူတို့ပိုင်ဆိုင်သောအရာများကို ကြေညာနိုင်သောအရာကဲ့သို့ ပြောဆိုထားပါသည်။ "၎င်း" ဟူသည်မှာ ယောဘ၏ မွေးဖွားသောနေ့ရက်ကို ရည်ညွှန်းထားပါသည်။ ( ရှု၊ rc://*/ta/man/translate/figs-personification)

သေမင်းအရိပ်

ဤတွင် အရိပ်ဟူသည်မှာ သေခြင်းကို ပုံဆောင်ထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အရိပ်ကဲ့သို့သော သေခြင်း" ( ရှု၊ rc://*/ta/man/translate/figs-metaphor)

မိုဃ်းတိမ်ထပ် လွှမ်းမိုးပါစေ

ဤတွင် မိုယ်းတိမ်ဟူသည်မှာ ယောဘ၏ မွေးဖွားသောနေ့ရက်အပေါ် အသက်ရှင်နိုင်သော လူကဲ့သို့ ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မည်သူကမျှ မမြင်နိုင်အောင် မိုယ်းတိမ်သည် ဖုံးလွှမ်းပါစေ" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ထိုနေ့ရက် အသရေကို ရှုတ်ချပါစေ

ဤအရာသည် နေ၏ အလင်းကို ရှုတ်ချပြီး အမှောင်ကိုဖန်တီးသောအရာကို ရည်ညွှန်းထားပါသည်။ ဤတွင် "မည်းသောအရာ" ဟူသည်မှာ မှောင်မိုက်ကိုဆိုလိုပါသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

မွန်းတည့်အရှိန်ဖြင့် ကြောက်မက်ဘွယ် ဖြစ်ပါစေ။

ကြောက်မက်ဖွယ် ကောင်းသော နေ့ရက်။ ၎င်းနေ့ရက်ကို အမှောင်အားဖြင့် ကြောက်စရာကောင်းသော လူတစ်ယောက်အနေဖြင့် ဖော်ပြထားပါသည်။ ( ရှု၊ rc://*/ta/man/translate/figs-personification)