my_tn/isa/45/02.md

1.8 KiB

ယေဘုယျအချက်အလက်

ထာဝရဘုရားသည် ကုရုမင်းကို ဆက်လက်ပြောဆိုနေသည်။

မြင့်သောအရပ် ကိုညီစေမည်။

ထာဝရဘုရားသခင်သည် ကုရုမင်းကို အောင်မြင်ခြင်းပေး၍ အတားအဆီး အ‌နှောက်အယှက်များကို တောင်များဖြိုဖျက်သကဲ့သို့ ဖြစ်စေမည်ဟူ၍ ပြောဆိုထားသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

မြင့်သောအရပ်

ဟေဗရူး စကားလုံးဖြင့် ဖော်ပြထားသော အဓိပ္ပာယ် ဖြစ်သည်။ တစ်ချို့စကားလုံးများ၌ "ကျောက်ဆောင် ကြမ်းတမ်းသော နေရာဒေသများ" (သို့) "ကွေ့ကောက် သောနေရာများ" ဟူ၍ ဖော်ပြထားသည်။

ကြေးဝါတံခါး

ကြေးဝါ မြို့တံခါးဝကို ရည်ညွှန်းသည်။

မှောင်မိုက်၌ ရှိသော ဘဏ္ဏာ

"မှောင်မိုက်"ဟူသော စကားလုံးသည် လျှိုဝှက်သောနေရာများကို ရည်ညွှန်းသည်။ (အခြားသောဘာသာပြန်ဆိုချက်) "လျှို့ဝှက်စွာ ထားသောရတနာသိုက်များ။" (ရှု၊ rc://*/ta/man/translate/figs-abstractnouns)