my_tn/isa/16/03.md

3.3 KiB

ယေဘုယျအချက်အလက်

မောဘလူမျိုးနှင့် ဆက်စပ်၍ ပရောဖက်ပြုသည်။ နောင်တွင် ဖြစ်ပျက်မည့်အရာကို ဖော်ပြနေသည်။ မောဘအုပ်ချုပ်သူများ၊ အစိုးရသူများသည် ယုဒရှင်ဘုရင်ထံပြန်လည်မိန့်ဆိုသော ကျမ်းပိုဒ်ငယ်ဖြစ်သည်။ (ရှု၊ 15:1)

မွန်းတည့်အလင်းထဲ၌ ညဉ့်ကဲ့သို့ သင်၏အရိပ်ကို ဖြစ်စေ လော့

"မွန်းတည့်အလင်း" ဟုဆိုရာတွင် မောဘလူမျိုးများ၏ ရန်သူများကြောင့် ခံစားရသည့် ဝေဒနာကို ရည်ညွှန်း၍ "အရိပ်" ဆိုသည်မှာ အကာအကွယ်ရှိခြင်း၊ ရန်သူများလက်ထဲမှ ကွယ်ကာမှုရရှိခြင်းကို ရည်ညွှန်းသည်။ ညဉ့်အရိပ်သည် ထိုထက်ပို၍ အကာအကွယ်ရရှိခြင်းကို ဖော်ဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ရန်သူများလက်ထဲက လုံးလုံးပြည့်စုံသောအကွယ်အကာဖြင့် ခုခံကာကွယ်ပေးခြင်းသည် အင်မတန်ပူပြင်းသော မွန်းတည့်ချိန်၌ ကြီးစွာသော အရိပ်ရသကဲ့သို့ဖြစ်သည်" (ရှု၊ [[rc:///ta/man/translate/figs-metaphor]] နှင့် [[rc:///ta/man/translate/figs-simile]])

မောဘပြည်မှ နှင်ထုတ်သော သူတို့သည် သင် နှင့်အတူနေကြစေလော့

မောဘပြည်မှ စစ်ဘေးဒုက္ခသည်များကို သင်တို့နှင့် နေထိုင်ခြင်းငှာ လက်ခံမူပါ။ "သင်တို့" ဆိုသည်မှာ ယုဒလူမျိုးများကို ဆိုလိုသည်။

ဖျက်ဆီးသောသူ၏ လက်မှ လွတ်စေခြင်းငှါ သူတို့ကိုစောင့်မလော့

ပုန်းခိုမည့် နေရာစီစဉ်ပေးခြင်းကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့ကို ဖျက်ဆီးဖို့ကြိုးစားသော လူများ၏ လက်မှ ပုန်းခိုဖို့ရန် နေရာချပေးလော့" သို့မဟုတ် "သူတို့ကို ဖျက်ဆီးချင်သာသူများ၏ လက်မှ လွှတ်စေခြင်းငှာ ဝှက်ထားလော့" (ရှု၊ rc://*/ta/man/translate/figs-metaphor)