my_tn/hos/12/09.md

2.7 KiB

ယေဘုယျ အချက်အလက်

ဣသရေလ အကြောင်းကို ထာ၀ရဘုရား မိန့်ဆိုသည်။

ငါထာဝရဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှ ကယ်နှုတ်သော သင်၏ဘုရားသခင်ဖြစ်၏

ဖြစ်နိုင်ချေများမှာ၊ ၁) "ငါသည် သင်တို့ ဘိုးဘေးကို အဲဂုတ္တုပြည်မှ ကယ်နုတ်သော သင်တို့၏ဘုရားသခင် ယာဝေဘုရားဖြစ်၏။" သို့မဟုတ် ၂) "ငါသည် သင့်ကို အဲဂုတ္တုပြည် ကယ်နုတ်ချိန်မှစ၍ သင်၏ ဘုရားသခင် ဖြစ်၏။" သို့မဟုတ် ၃) "ငါသည် အဲဂုတ္တုပြည်၌ သင်တို့ ကိုးကွယ်ခဲ့သော ဘုရားသခင် ဖြစ်၏"

တဖန် တဲတို့၌ နေစေမည်

ဖြစ်နိုင်ချေများမှာ၊ ၁) ဣသရေလ အမျိုးကို မိမိတို့အိမ်မှ နှင်ထုတ်ကာ တဲ၌ နေထိုင်စေမည်ဟု ထာ၀ရဘုရား၏ သတိပေးစကား ဖြစ်နိုင်သည်။ သို့လျှင် "တဲတို့၌ နေ" ဟူရာတွင် ပြည်နှင်ဒဏ် ခံရမည်ဟု ဆိုလိုခြင်း ဖြစ်ပေမည်။ သို့မဟုတ် ၂) ပြည်နှင်ဒဏ် ခံပြီးနောက် တဲ၌ နေစေမည်ဖြစ်ပြီး၊ အဲဂုတ္တုပြည်မှ ထွက်ခွာချိန်ကကဲ့သို့ မိမိလူတို့ကို ထာ၀ရဘုရား စောင့်ရှောက်မည်ဟူသော ဂတိတော် စကားလည်း ဖြစ်နိုင်သည်။ သို့လျှင် "တဲတို့၌ နေ" ဟူရာတွင် မိမိလူတို့အပေါ် ထာ၀ရဘုရား၏ ပြုစုစောင့်ရှောက်မှုကို ဆိုလိုခြင်း ဖြစ်ပေမည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)

ပရောဖက်များအားဖြင့်

အခြားသော ဘာသာပြန်ဆိုချက်၊ "ပရောဖက်တို့၏ လက်များဖြင့်" (ရှု၊ rc://*/ta/man/translate/figs-metonymy)