2.7 KiB
ဆက်စပ်မှု ဖော်ပြချက်
ဣသရေလအမျိုးတို့က မိမိအပြစ်အတွက် နောင်တရခြင်း။
ကိုယ်တော်သည် ကိုက်ဖြတ်သော်လည်း . . . ဒဏ်ခတ်သော်လည်း
ဘုရားသခင်၏ စကားကို နားမထောင်၊ ရုပ်တုများ ကိုးကွယ်သောကြောင့် ဣသရေလအမျိုးကို ဘုရားသခင် ဒဏ်ခတ်တော်မူသည်။ (ရှု၊ rc://*/ta/man/translate/figs-parallelism)
ပကတိ ဖြစ်စေတော်မူမည် . . . အနာကို စည်းတော်မူမည်
နောင်တရလျှင် ဘုရားသခင်က ချမ်းသာပေး၍ အခက်အခဲများမှ ကယ်တင်မည်ဟု ဣသရေလအမျိုးတို့ ယုံကြည်ကြသည်။ (ရှု၊ rc://*/ta/man/translate/figs-parallelism)
နှစ်ရက်လွန်ပြီးမှ ငါတို့ကို အသက်ရှင်စေ၍၊ သုံးရက်မြောက်သောနေ့၌ ထမြောက်စေတော်မူသဖြင့်
ခဏတာအချိန်ကို ကိုယ်စားပြုသည်။ ဘုရားသခင်က မိမိတို့ရန်သူများ ထံမှ ကယ်တင်မည်ဟု ခံယူကြသည်။ (ရှု၊ rc://*/ta/man/translate/figs-idiom)
နှစ်ရက် . . . သုံးရက်မြောက်သောနေ့
"၂ ရက် ... တတိယရက်" (ရှု၊ [[rc:///ta/man/translate/translate-numbers]] နှင့် [[rc:///ta/man/translate/translate-ordinal]])
ထာဝရဘုရားကို သိခြင်းငှါ လိုက်ရှာကြလိမ့်မည်
"သိ" ဟုရာတွင် ဘုရားသခင်၏ အကြောင်းနှင့် ပညတ်တော်သာ မဟုတ်ဘဲ၊ ဘုရားအပေါ် သစ္စာရှိရန်လည်း ဆိုလိုသည်။ (UDB မူပြန်ကျမ်းကို ရှု)
ထွက်တော်မူချိန်သည် နံနက်ကဲ့သို့ ဖြစ်လိမ့်မည်
နံနက်တွင် နေထွက်သကဲ့သို့ ဘုရားသခင်က မိမိလူတို့ကို ကယ်တင်တော်မူမည်။ (ရှု၊ rc://*/ta/man/translate/figs-simile)