my_tn/hos/04/17.md

2.2 KiB

ယေဘုယျ အချက်အလက်

ဣသရေလပြည်အကြောင်းကို ထာ၀ရဘုရား မိန့်ဆိုသည်။

ဧဖရိမ်သည် ရုပ်တုတို့၌ စွဲကပ်လျက်ရှိ၏။ သူ့ကို တတ်တိုင်းရှိစေလော့

"ဧဖရိမ်" မှာ မြောက်ပိုင်း ဣသရေလပြည်ကို ကိုစားပြုသည်။ သူတို့သည် ထာ၀ရဘုရားကို ပစ်ပယ်၍ ရုပ်တုကိုးကွယ်ကြသည်။ ထိုသူတို့ကို ဆုံးမခြင်း မပြုရန် ပရောဖက် ဟောရှေကို မိန့်မှာတော်မူသည်။ ဆုံးမစကားကို နာခံမည်မဟုတ်သောကြောင့် ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)

မင်းလုပ်သောသူတို့သည် . . . ရှက်ဘွယ်သောအမှုကို တပ်မက်ကြပြီ

ထာ၀ရဘုရားထံမှ လမ်းလွဲကာ ရုပ်တုကိုးကွယ်သောအမှုတွင် ဣသရေလမင်းတို့သည် ရှက်ကြောက်ခြင်း မရှိကြ။

လေသည် မိမိအတောင်တို့နှင့် တိုက်၍ ပါသွားမည်

"လေ" မှာ ဣသရေလပြည်အပေါ် ဘုရားသခင်၏ တရားစီရင်မှုနှင့် အမျက်ဒေါသကို ကိုယ်စားပြုသည်။ထာ၀ရဘုရားက ရန်သူတို့အား ဣသရေလပြည်ကို တိုက်ခိုက်သိမ်းယူ၍ စစ်သုံ့ပန်းအဖြစ် ဖမ်းခေါ်ရန် အခွင့်ပေးမည်။ (ရှု၊ [[rc:///ta/man/translate/figs-metaphor]] နှင့် [[rc:///ta/man/translate/figs-metonymy]])