my_tn/gen/31/24.md

2.4 KiB

ဘုရားသခင်သည် ရှုရိလူလာဗန်ဆီသို့ ညဉ့်အချိန်တွင် အိပ်မက်၌ကြွတော်မူ၍

လာဗန်၏ နောက်ကြောင်းကို ဖော်ပြသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုနေ့ညတွင် ဘုရားသခင်သည် အာရမိလူ လာဗန်ထံ အိပ်မက်အားဖြင့် ထင်ရှားတော်မူ၍" (ရှု၊ rc://*/ta/man/translate/writing-background)

သင်သည် ယာကုပ်အား ကောင်းမကောင်းကို မပြောနှင့်၊ သတိပြုလော့

"ကောင်းမကောင်း" ဟူရာတွင် "တစုံတရာ" ကို ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယာကုပ်ကို တားဆီးသောစကား တစုံတရာမျှ မပြောမိခြင်းငှါ သတိပြုလော့" (ရှု၊ rc://*/ta/man/translate/figs-merism)

ထိုအခါ ယာကုပ်သည် မိမိတဲကို ဂိလဒ်တောင်ပေါ်မှာ ဆောက်နှင့်ပြီ။ လာဗန်သည် လိုက်၍ မှီသောအခါ၊ မိမိညီအစ်ကိုတို့နှင့်တကွ၊ ထိုတောင်ပေါ်မှာ တဲကိုဆောက်လေ၏

"ထိုအခါ" ကို နောက်ကြောင်းသမိုင်းမှ ယာကုပ်နှင့် လာဗန်တို့အကြောင်းဖက်သို့ ကူးပြောင်းရာ၌ အသုံးပြုထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လာဗန်သည် ယာကုပ်ကို မှီသောအခါ၊ ယာကုပ်က ဂိလဒ်ကုန်းပေါ်မှာ တဲဆောက်နှင့်ပြီ။ ထို့ကြောင့် လာဗန်ကလည်း မိမိညီအစ်ကိုတို့နှင့်တကွ ထိုကုန်းပေါ်၌ တဲကို ဆောက်ကြ၏" (ရှု၊ rc://*/ta/man/translate/writing-background)